ရွာလွတ်ရွာ၊ ချောင်းဆုံမြို့နယ်
ရွာလွတ်ရွာ(အင်္ဂလိပ်: Ywarlut)သည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၁၁၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရွာလွတ်ကျေးရွာအုပ်စုတွင် ကျား ၂၃၈၄ ဦး၊ မ ၃၁၉၂ ဦး၊ လူဦးရေ စုစုပေါင်း ၅၅၇၆ ဦး နေထိုင်သည်။ နေထိုင်သူအများစုသည် မွန်လူမျိုးများဖြစ်သည်။ ဆေးတံ၊ တုတ်ကောက်၊ လက်ကိုင်ဒုတ်၊ ရေနွေးအိတ် စသည့် အိမ်တွင်းမှု၊ လက်မှုပညာများ ထွန်းကားသည်။ ရွာ၏မြောက်ဘက်တွင် အခြေခံပညာ အထက်တန်းကျောင်းနှင့် တိုက်နယ်ဆေးရုံ ရှိသည်။ ဘီလူးကျွန်း၏ အချက်အချာကျသောနေရာတွင် ရှိပြီး ကျွန်း၏ တောင် မြောက် ဆက်သွယ်ထားသော အဓိကလမ်းမကြီးပေါ်တွင် တည်ရှိသည်။ ဆေးတံလုပ်ငန်းဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးပြီး နိုင်ငံခြားသားခရီးသွားများ မကြာခဏ လာရောက်လည်ပတ်ရာ နေရာတစ်ခုဖြစ်သည်။
Read article